Sublime မှာ ကိုယ်ကြိုက်တဲ့ theme တွေလဲသွင်းပြီးတော့ သုံးလို့ရပါတယ်။ ကျွန်တော်တော့ အခု Phoenix Dark ဆိုတဲ့ theme ကို သွင်းဖို့ပြောပြပါမယ်။ ပထမဆုံး Ctrl+Shift+p နဲ့ package control ကို ဖွင့်ပြီးတော့ Install Package ဆိုပီးရိုက်ထည့်လိုက်ပါ။ ပြီးတော့ အဲဒီထဲမှာ Theme - Phoenix ဆိုပြီးရှာပြီး Enter ခေါက်လိုက်ပါ။ အောက်က foot bar မှာ status ကြည့်လို့ရပါတယ်ခင်ဗျာ။ သွင်းပြီးရင်တော့ ဒီလင့်မှာ (Direct Links) theme folder ကို ဒေါင်းလုပ်သွားဆွဲပါ။ ဒေါင်းပြီးရင်တော့ Sublime text menu က Preferences ထဲက Browse Packages ကိုရွေးပြီးဖွင့်လိုက်ပါ။ ပွင့်လာတဲ့ ဖိုဒါထဲကို Download ဆွဲထားတဲ့ ဖိုင်ကို ဖြည်ထည့်ပါ။ ဒါပြီးတော့ activate လုပ်ဖို့ပဲကျန်ပါပြီ။ activate လုပ်ဖို့ အတွက် menu ထဲက Preferences ထဲကပဲ Setting-User ကို ရွေးလိုက်ပါ။ ဖိုင်တခုဖွင့်လာပါလိမ့်မယ်။ အဲဒီဖိုင်ထဲကို အောက်ကစာတွေကူးထည့်လိုက်ပါ။ { "theme": "Phoenix Dark.sublime-theme", "phoenix_color_red": true, "phoenix_highlight_current_tab": true, "phoen...