ဒီကွန်မန်းက ကိုကိုရဲ သုံးတာ တွေ့ဖူးတာကြာပီ။ လက်ဖက်ရည်ဆိုင်ဆင်းတော့မယ်ဆိုရင် သူက နေအုန်း ငါ update/upgrade လုပ်ခဲ့ဦးမယ်လို့ပြောတယ်။ပြီးရင်သူက yes yes force လေးလုပ်ပြီးဆင်းသွားရော။ လေးစားပါတယ်ဆရာ :D ဒီတခါတော့ ကျုပ်အလွတ်ရသွားပြီ။
ပုံမှန်ဆိုရင် upgrade ပြီးရင် Yes ကိုရွေးပေးမှ ဒေါင်းထားတဲ့ ဖိုင်တွေသွင်းမှာပါ။ Yes ရွေးစရာမလိုပဲ အလိုလျောက် သွင်းသွားဖို့အတွက် အောက်ကပုံစံအတိုင်း သုံးလို့ရပါတယ်။
sudo apt-fast update; sudo apt-get --yes --force-yes upgrade
အဲဒါဆိုရင် ပထမအဆင့်က update လုပ်မယ်။
ဒုတိယဆင့်က upgrade လုပ်မယ်။ဒေါင်းပြီးရင် သူ့အလိုလို အကုန်လုပ်လုပ်သွားမယ်။ update လုပ်ပြီး လက်ဖက်ရည်ဆိုင်ဆင်းရတဲ့ ကျွန်တော့အတွက်တော့ တော်တော်အသုံးဝင်ပါတယ်။ကျေးဇူးပါဆရာရေ။