Skip to main content

firefox add-on ကို backup လုပ်ပီး offline install လုပ်ခြင်း

အခုကျွန်တော် add-ons  တွေ ကို backup လုပ်နည်းလေးပြောပြပါ့မယ်။backup လုပ်လို့ရလာတဲ့အကျိုးကျေးဇူးကတော့ ကိုယ်ကအင်တာနက်ဆိုင်မှာပဲသုံးတယ်ဆိုရင် ဆိုင်က mozilla firfox broswer ထဲမှာကိုယ်သွင်းထားတဲ့ add-on တွေကို အိမ်က browser ထဲကို ကလင့်နှစ်ချက်နိုပ်ရုံလေးနဲ့သွင်းပီးသုံးလို့ရပါတယ်.

(၁) ပထမဆုံးအနေနဲ့ ဒီ လင့်ကိုကလင့်ပီးတော့ backup လုပ်ဖို့အတွက် FEBE ဆိုတဲ့ add-on ကိုသွင်းလိုက်ပါ(ရလာတဲ့ဖိုင်ကို mozilla နဲ့ဖွင့်ရပါမယ်).

(၂) FEBE ကို install လုပ်ပီးရင် mozilla borwser ကို ပိတ်ပီးပြန်ဖွင့်(restart)လိုက်ပါ ဒါဆိုရင် အောက်ကပုံအတိုင်း mozilla ရဲ့ Tools အောက်မှာ FEBE ဆိုတာလေးအခုပေါ်လာပါလိမ့်မယ်




(၃) အဲဒီထိပီးရင်တော့ FEBE Options ထဲကိုဝင်လိုက်ပါ.
(၄) အဲထဲမှာ Directory ဆိုတဲ့ Tab တခုပါပါတယ် အဲဒီထဲရောက်ပီးဆိုရင်တော့ ကိုယ် Backup လုပ်လိုက်တဲ့ add-ons တွေ ကိုသိမ်းမယ့်နေရာကိုရွေးပေးရမှာဖြစ်ပါတယ်.(Browse.. ကိုကလင့်ပီးရွေးပါ).ပီးရင် OK ကလင့်ပီးရင် backup လုပ်လို့ရပါပီ.
(၅) mozilla firefox Tools=> FEBE => Perform Backup ကိုရွေးလိုက်ရင် သူ backup လုပ်လိုက်တဲ့ Add-on တွေ ကို html ဖိုင်တခုနဲ့ အောက်ကပုံအတိုင်း ဘယ်နှစ်ခုကို backup လုပ်တယ်ဆိုတာရယ် ဘယ်နားမှာသိမ်းလိုက်တယ်အားလုံးကို  နာမည်စာရင်း ကိုနဲ့တကွလာပြပေးမှာဖြစ်ပါတယ်.

FEBE Option ထဲမှာ ကိုယ်ရွေးထားတဲ့ Directory ဖိုင်ထဲမှာလဲ .xpi ဆိုတဲ့ extension နဲ့ backup လုပ်လိုက်တဲ့ add-on  ဖိုင်လေးတွေရှိနေပါလိမ်မယ် .ဒီလိုဆိုရင်အဲဒီဖိုင်ကို အိမ်ကစက်မှာရှိတဲ့ mozilla နဲ့ ဖွင့်ပီးတော့အလွယ်တကူသွင်းပီးသုံးလို့ရပါပီ.


ဒီ add-on ကို ပြောပြတဲ့ နောင်ကြီးဇော်ရဲထွန်းကိုကျေးဇူးတင်ပါတယ်ဗျာ :) .

++ကျွန်တော်ရေးတာ အသုံးဝင်လို့ပဲဖြစ်ဖြစ် ၊ မရှင်းတာ၇ှိတာပဲဖြစ်ဖြစ် ကွန်မက်ပေးပီး ပြောပေးပါခင်ဗျာ++

Comments

Post a Comment

Popular posts from this blog

Lenovo VeriFace Software

ဒီဆော့ဝဲကတော့ ကွန်ပျူတာ login ၀င်တဲ့အခါမှာ password ရိုက်စရာမလိုပဲ မျက်နှာလေးပြလိုက်ရုံနဲ့ အော်တို login ၀င်ပေးပါတယ် .လန်းပါတယ်.webcam တခုတော့လိုပါလိမ့်မယ် laptop တွေ အတွက်ဆိုရင်တော့ရှယ်ပါပဲ . တခြား brand တွေမှာလဲအလုပ်လုပ်ပါတယ် . လောလောဆယ်ကျွန်တော်က Acer ကြီးနဲ့ကလိနေတာ :D size : 30.39 MB Click here to download @ mediafire.com Click here to download @ ifile.it Photo credit @ www.tkshare.com Thank u,ko zaw ye` tun :)

Install Zawgyi Font and Keyboard ( xkb ) in Ubuntu 13.10

ပထမဆုံး အောက်က ဖိုင်ကိုဆွဲလိုက်ပါ။ Click Here To Download  ဒေါင်းလုပ်ပြီးရင်တော့ ဖိုင်ကို ဖြည့်ပြီးတော့ ZawgyiOne2008.ttf ကို ဖွင့်ပြီး Install နိုပ်ပြီးသွင်းလိုက်ပါ။ (၁) Keyboard သွင်းဖို့အတွက်က Termianl ဖွင့်ပါ။ (၂) cd နဲ့ download ဆွဲထားတဲ့ဖိုဒါထဲဝင်လိုက်ပါ။ (၃) ရောက်ပြီဆိုရင် အောက်က အတိုင်းရိုက်ထည့်ပြီး password ဖြည့်ပေးလိုက်ပါ။ sudo sh zawgyi_xkb.sh ပြီးရင်တော့ Use Ctrl + Alt to Change En MM ဘာညာဆိုပြီးပေါ်လာရင် keyboard သွင်းပြီးပါပြီ။ Zawgyi Keyboard ကို Active လုပ်ဖို့အတွက်ကတော့ Super Key ( Window Key ) ကိုနိုပ်ပြီး Text Entry လို့ရိုက်ပြီးရှာပြီး ဝင်လိုက်ပါ။ (၄) Text Entry ထဲရောက်ရင် Input sources to use အောက်မှာ အပေါင်းနဲ့အနုတ် လေးတွေရှိပါတယ်။ အပေါင်းကိုနိုပ်လိုက်ပြီး zaw ဆိုပီးရိုက်ထည့်လိုက်ရင် Burmese( mm- zawgyi ) ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒါကိုရွေးပြီး Add ကိုနိုပ်လိုက်ရင်ဆင်ပြေပါပြီ။ (၅) Keyboard Shortcut အတွက်ကတော့ လွယ်ဆုံးနည်းက Tweak Tool သွင်းလိုက်ရင်ဆင်ပြေပါတယ်။ Tweak Tool ကို ဒီလင့်ကို ကလင့်ပြီး Software center ကနေ သွင်းလိုက်ပါ။ ( conf