workbench အသုံးပြုခြင်းအားဖြင့် အကျိုးကတော့အများကြီးပါပဲ။ project တခုကို လူဝိုင်းရေးတဲ့အခါ မင်းက ဘယ်အပိုင်းယူ ငါကဘယ်အပိုင်းယူဆိုပီးတော့ လုပ်ပါတယ်။ ဒါဆိုရင် workbench တခုဆောက်ပေးပြီးတော့ ရေးခိုင်းထားလို့ရပါတယ် ။ အပေါ်က main ကို ထိစရာမလိုတော့ပါဘူး။
အခြားကောင်းတာတွေလဲအများကြီးရှိပါသေးတယ်။
၁။ Workbench သွင်းခြင်း။
ပထမဆုံးသုံးပြုနိုင်ဖို့အတွက် app/config/workbench.php ထဲမှာ name နဲ့ email ထည့်ပေးရမယ်။
ပြီးရင်တော့ Terminal ထဲမှာ အောက်က ကွန်မန်းနဲ့ bench တခုပြုလုပ်ပါတယ်။
php artisan workbench vendor/package --resources
vendor ကတော့ ကိုယ့်ကုမ္ပဏီ သို့မဟုတ် ကိုယ့်နာမည်ထည့်လဲဖြစ်ပါတယ်၊package ကတော့ ကိုယ်ရေးမယ့် package နာမည်ပါ။ ဥပမာ Dasbroad အတွက်ဆိုရင် dashboardပေါ့။
ဒါဆိုရင် root folder ထဲက workbench ထဲမှာ ကိုယ်ထည့်လိုက်တဲ့ vendor နာမည်နဲ့ ထဲမှာ ထည့်ထားတဲ့ package နာမည်တဲ့ ဖိုင်တွေတခုဆောက်လုပ်ပြီးဖြစ်နေပါလိမ့်မယ်။( ဒီအဆင့်က အင်တာနက်လိုပါတယ် )
ဒါပြီးရင်တော့ verdor ထဲက package ထဲမှာ composer install ပြုလုပ်ပေးရပါမယ်။မလုပ်ရင် File not found ပြနေပါလိမ့်မယ်။
သူ့ ဖိုင် structure တွေကတော့ ပထမတော့ နဲနဲရူပ်ပေးမယ့် နောက်တော့လဲဆင်ပြေသွား ပါလိမ့်မယ်။
src ကတော့ တကယ့်ကုတ်တွေသိမ်းရမယ့်နေရာပါ။
သူ့ မှာ composer.json ဆိုပီး ဖိုင်သန့်သန့်တခုလဲထပ်ပါတယ်။အဲဒီတော့ ဒီ package အတွက် packagist ကနေ ကိုယ်သုံးမယ့်ဟာကို တန်းလာထည့်ထားပြီး သုံးလို့ရပါတယ်။
၂။ Provider ထည့်ခြင်း။
vendor/package/src/Vendor/Package/ ထဲမှာ PackageServiceProvider.php ဖိုင်တခုရှိပါတယ်။အဲဒီဖိုင်က အသက်ပါပဲ။
ဒါပြီးရင်တော့ ကိုယ်ဆောက်ထားတဲ့ package ကို main ကနေ သုံးလို့ရအောင် app/config/app.php ထဲမှာ သွားကြော်ငြာပေးရပါတယ်။
" Name space\Class Name"
၃။ Routes ဖိုင် ထည့်ခြင်း။
နောက်ပြီးတော့ routes ဖိုင်ချိတ်ရပါဦးမယ် ။
Src အောက်က PackageServiceProvider.php ထဲမှာ public function boot() ဆိုပီးပါပါတယ်။
အဲဒီ function ထဲမှာ အောက်က အတိုင်းထပ်ထည့်ရပါမယ်။
include __DIR__ . '/../../routes.php';
ပြီးရင်တော့ src ထဲမှာ routes.php ဆိုပီးဖိုင်တခုထပ်ထည့်လိုက်ရင် အဲဒီထဲမှာ route ကို တန်းရေးလို့ရပါပြီ။ အားသာချက်ကတော့ အပေါ်က routes ကို ထိစရာမလိုတော့ဘူး ။
၎။ Filters ဖိုင်ထည့်ခြင်း။
filters အတွက်ဆိုရင်လဲ route လိုပဲ အောက်ကအတိုင်း သွားထည့်ပေးရင်ဆင်ပြေပါပြီ။
include __DIR__ . '/../../filters.php';
၅။ Controller ချိတ်ခြင်း။
controllers ဖိုဒါအလုပ်လုပ်ဖို့အတွက်ကတော့ workbench ထဲက composer.json ထဲက autoload ထဲမှာ လမ်းကြောင်းသွားထည့်ပေးရပါတယ်။
"autoload": {
"classmap": [
"src/migrations",
"src/controllers"
],
"psr-0": {
"Yethusoe\\Dashboard\\": "src/"
}
},
ပြီးရင်တော့ composer dump-auto လုပ်ပေးလိုက်ရင်ရပါပြီ။
controllers ဖိုဒါထဲမှာ BaseController တခုတည်ဆောက်ပေးရပါမယ်။
ပထမဆုံး workbench ထဲက src ထဲမှာ controllers ဖိုဒါထဲမှာ BaseController.php ဆိုပီးတခုဆောက်လိုက်ပါ။ ပြီးရင်အောက်က အတိုင်းကူးထည့်လိုက်ပါ။
main controllers ထဲက BaseController.php နဲ့အတူတူပါပဲ။
<?php
class BaseController extends Controller {
/**
* Setup the layout used by the controller.
*
* @return void
*/
protected function setupLayout()
{
if ( ! is_null($this->layout))
{
$this->layout = View::make($this->layout);
}
}
}
ပြီးရင်တော့ class BaseController extends Controller အပေါ်မှာ Controller ကို use လုပ်ပေးရပါမယ်။
အဲဒါက main ထဲက app=> config => app.php ထဲက Alias မှာရှိပါတယ်
use Illuminate\Routing\Controller; ဆိုပီးထည့်ပေးလိုက်ရင် controllers ဖိုဒါကိုလဲ အပေါ်ကနည်းအတိုင်း လိုအပ်သလိုသုံးပြုလို့ရပါပြီ။
၆ ။ ဥပမာစမ်းခြင်း။
အောက်ကအတိုင်း workbench အလုပ်မလုပ် စမ်းလို့ရပါတယ် ။
routes.php ထဲမှာ အောက်ကအတိုင်းထည့်ပါ။
Controller မတွေ့ဘူးပြောနေရင် workbench ထဲမှာ composer dump-autoload နောက်တခါထပ်လုပ်ရင်ဆင်ပြေသွားပါလိမ့်မယ်။
အမှားပါရင် comment ပေးပီးပြင်ပေးပါဗျာ။ကျေးဇူးတင်ပါတယ်။

Route::get('/test', 'TestController@test');
?>
controllers ထဲမှာ TestController.php ဆိုပီးဖိုင်းတခုဆောက်ပီးအောက်က အတိုင်းထည့်ပါ။
<?phpပြီးရင်တော့ public နောက်မှာ test ထည့်ပြီးခေါ်ကြည့်ရင်ရပါပြီ။
class TestController extends BaseController
{
public function test(){
return "Return From Controller";
}
}
?>
Controller မတွေ့ဘူးပြောနေရင် workbench ထဲမှာ composer dump-autoload နောက်တခါထပ်လုပ်ရင်ဆင်ပြေသွားပါလိမ့်မယ်။
အမှားပါရင် comment ပေးပီးပြင်ပေးပါဗျာ။ကျေးဇူးတင်ပါတယ်။
Comments
Post a Comment